ထားဝယ် ၅ အောက်တိုဘာ


တနင်္သာရီတိုင်းဒေသကြီး၊  ထားဝယ်မြို့ ၊  အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေး အဖွဲ့ဝင်များသည် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီး ဌာနမှတားမြစ်ထားသော ဓာတုပစ္စည်းများ ပါဝင်သည့် အစားအသောက် များ ၊ အလှကုန်ပစ္စည်းများအား ဈေးကွက် အတွင်းဖြန့်ဖြူးရောင်းချ ခြင်းမရှိစေရန်နှင့် အများပြည်သူ ဘေးအန္တရာယ် ကင်းရှင်းစွာ ဝယ်ယူသုံးစွဲနိုင်ရန်အတွက် အောက်တိုဘာ ၄ ရက် နံနက်ပိုင်း က ဆန်းချီဈေးအတွင်းရှိစားသောက်ကုန် များ၊ ဆေးဝါးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

 

ေ

 


ထို့နောက် အစားအသောက်နှင့်ဆေးဝါးကြီးကြပ်ကွပ်ကဲရေးကော်မတီ( FDA )တိုင်းဒေသကြီးဦးစီးဌာနမှူး ဒေါ်မေသန်းနိုင် နှင့် အဖွဲ့ဝင်များ ၊ DOCA ၊ ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ နှင့် ပြည်သူ့ကျန်းမာရေးဦးစီး ဌာနမှ တာဝန်ရှိသူများ က ဈေးအတွင်းရှိ အစားသောက် နှင့် အလှကုန်ဘေးအန္တရာယ် ကင်းရှင်းရေးအတွက် ဈေးကွက် နမူနာ ဝယ်ယူဓာတ်ခွဲစစ်ဆေးခြင်း၊ သုံးစွဲရန်မသင့်တားမြစ် အလှကုန်များ၊ အစား အသောက်များ ရောင်းချခြင်းရှိမရှိ ကိုကြည့်ရှု့စစ်ဆေးရာ သုံးစွဲရန်မသင့် အလှကုန်ပစ္စည်း ၂ မျိုးအား သိမ်းဆည်းခဲ့သည်။


ဆက်လက်၍ တာဝန်ရှိသူများ က သိမ်းဆည်းရရှိမိသည့်ဆိုင်များနှင့်နမူနာဝယ်ယူသည့်ဆိုင်များတွင် သုံးစွဲရန် မသင့်တားမြစ်အလှကုန်များသုံးစွဲခြင်း၏ကျန်းမာရေးဆိုးကျိုးများအကြောင်း နှင့် စားသုံးရန်မသင့် စားသောက်ကုန် ပစ္စည်းများစားသုံးခြင်း၏ကျန်းမာရေးဆိုးကျိုးများအကြောင်းကို အသိပညာပေးပြောကြားသည်။၄င်းနောက် mobile lab van ရွေ့လျားဓာတ်ခွဲ ယာဉ်ပေါ်တွင်ပါရှိသော test kits များဖြင့် နမူနာဝယ်ယူခဲ့သည့်  ပုဇွန်၊ ဝက်အူချောင်း၊ ပဲပြား၊ ကြက်သွေး၊ ပဲပင်ပေါက်များကို   ဓာတ်ခွဲ စစ်‎ဆေးရာ ခွင့်မပြုတားမြစ် ဓာတုပစ္စည်းများပါဝင်ခြင်းမရှိကြောင်း ခရိုင်ပြန်/ဆက်မှ သိရသည်။


MDN