ကံမ ၅ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ အမှတ်(၁)ရပ်ကွက်၊ အခြေခံပညာ မူလတန်းလွန်ကျောင်း(မင်းကုန်း) တွင် ယမန်နေ့နေ့လယ်က မြို့နယ်မီးသတ်ဉီးစီးဌာနနှင့် လူမှုကူညီရေးနှင့်အရေးပေါ်ကယ်ဆယ်ရေးအသင်း(မြောက်ချောင်း)တို့ပူးပေါင်း၍ သဘာဝ ဘေးအန္တရာယ် တစ်ခုဖြစ်သော ငလျင်ဘေးအန္တရာယ် ကျရောက်ပါက ကူညီရမည့် ကယ်ဆယ်ရေး လုပ်ငန်းစဉ်များအား ဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။
ထိုသို့လေ့ကျင့်ရာတွင် ငလျင်ဘေးအန္တရာယ်ကြောင့်ပြိုကျ ပျက်စီးနေသော အဆောက်အဉီ အတွင်းအပြင်မှ လူနာများအား ခေတ်မီရှာဖွေကယ်ဆယ်ရေး လုပ်ငန်းသုံးကိရိယာများ အသုံးပြု၍ ရှာဖွေကယ်ဆယ်ခြင်းနှင့် ဖြစ်ပွားနေသော မီးလောင်မှုအား မီးငြှိမ်းသတ်ရေး ပစ္စည်းများ အသုံးပြု၍မီးငြိမ်းသတ်ခြင်းများအား သရုပ်ပြ ဇာတ်တိုက် လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)


