နေပြည်တော် ၅ အောက်တိုဘာ

 

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် အောက်တိုဘာ ၄ ရက် နံနက်ပိုင်းတွင် ကချင်ပြည်နယ် ဝိုင်းမော်မြို့ ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးစခန်းရုံး အစည်းအဝေးခန်းမ၌ ကန်ပိုက်တီနယ်စပ် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုဇုန် တည်ဆောက်ရေးအတွက် တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ် ဇုန်တည်ထောင် အကောင်အထည်ဖော်ရေး ကော်မတီဝင်များက ကန်ပိုက်တီဒေသ အမြန်ဖွံ့ဖြိုးတိုးတက်လာရေးအတွက် ဆောင်ရွက်နေသည့် အစီအစဉ်များ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် မြန်မာဟိန်းယရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ တာဝန်ရှိသူများက ကန်ပိုက်တီဒေသ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြကြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များကို အကြံပြုဆွေးနွေးသည်။

           

ယင်းနောက် ဒုတိယဝန်ကြီးသည် မြန်မာ - တရုတ်နယ်စပ်ရှိ မြန်မာ - တရုတ် ချစ်ကြည်ရေးလိုဏ်ဂူကို ကြည့်ရှုလေ့လာခဲ့သည်။

 

သတင်းစဉ်