မယ်စဲ့ ၆ အောက်တိုဘာ

 

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမရှိ ကလေးစာဖတ်ခန်း၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စောဝတ်ရည်က စာဖတ်စွမ်းရည် ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များ၊ စာဖတ်ခြင်း အကျိုးကျေးဇူးများနှင့် အမှတ်ပေးစည်းမျဉ်းတို့ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အ.ထ.က(မယ်စဲ့)မှ မူလတန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၂၅)ဦးတို့က “နိဝါတမင်္ဂလာ ခေါင်းစဉ်ဖြင့် စာဖတ်စွမ်းရည် ယှဉ်ပြိုင်ကြသည်။

 

ထို့နောက် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်တို့ကို ပြသရာ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက စိတ်ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြသည်။

 

ဝတ်ရည်(ပြန်/ဆက်)