တံတားဦး ၆ အောက်တိုဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သဲမောင်းကန်ကျေးရွာအုပ်စု ဝန်ပတေ့ - အိမ်မြင့်စံ -ရွှေတောင်တော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက ဝန်ပတေ့ကျေးရွာ ကွန်ကရစ်လမ်းသစ်မုဒ်ဦး၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်တို့က အမှာစကား အသီးသီးပြောကြားပြီး ရွိုင်ရယ်ဒီဇိုင်း ကုမ္ပဏီလီမီတက် အတိုင်ပင်ခံအင်ဂျင်နီယာ ဦးကျော်ဇေယျမှ ကွန်ကရစ် လမ်းတည်ဆောက်ခြင်း လုပ်ငန်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ ကျေးရွာလမ်းဖြစ်မြောက်ရေး ကော်မတီ ဦးစိုးလွင်က ကျေးဇူးစတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ဝန်ပတေ့-အိမ်မြင့်စံ-ရွှေတောင်တော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမင်းမင်းနီနှင့် ဦးဝဏ္ဏအောင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှဝင်းအောင်နှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းတို့က ကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြီး လမ်းသစ်ဆောင်ရွက်ထားမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးကြသည်။
ယနေ့ဖွင့်လှစ်သော ဝန်ပတေ့-အိမ်မြင့်စံ-ရွှေတောင်တော် ကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးအစိုးရ ရန်ပုံငွေဖြင့် လမ်းအရှည်(၁)မိုင်၊ အကျယ်(၁၂)ပေ၊ အမြင့်(၇)လက်မရှိပြီး ခွင့်ပြရန်ပုံငွေ (၂၁၄.၂)သန်းဖြင့် ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးလှိုင်မင်းထံမှ သိရှိရသည်။
ရဲတင့် (ပြန်/ဆက်)


