ဒီးမော့ဆို ၆ အောက်တိုဘာ

 

ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Deemawso Women Club နှင့် Centre For Good Governance တို့ ပူးပေါင်း၍ စီမံအုပ်ချုပ်မှု ဆိုင်ရာနှင့် ရပ်ရေးရွာရေး ဆုံးဖြတ်ချက်ချမှတ်ရာတွင် ကျား/မရေးရာနှင့် အားလုံးပါဝင်သော စီမံအုပ်ချုပ်မှု ဖြစ်လာစေရန် ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီခွဲက ဒီးမော့ဆိုမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre ) ခန်းမ၌ ကျင်းပပြုလုပ်သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လှိုင်က အမှာစကား ပြောကြားပြီး Deemawso Women Club အသင်းဥက္ကဋ္ဌ ဒေါ်လူဆီးယာက ဆွေးနွေးပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။

 

6

 

ဆွေးနွေးပွဲတွင် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ကျေးရွာ တာဝန်ခံနှင့် ရာအိမ်းမှူး/ဆယ်အိမ်မှူးများ တက်ရောက်ကြပြီး Centre For Good Governance မှ ကျား/မနှင့် လူမူရေးရာ ထည့်သွင်းဆောင်ရွက်ခြင်းဆိုင်ရာ အကြံပေး ဒေါ်ခင်ခင်မရက ဦးဆောင်၍ စီမံအုပ်ချုပ်မှု နည်းလမ်းစဉ်များတွင် ကျား/မနှင့် လူမူရေးကိစ္စရပ်များ ထည့်သွင်းဆောင်ရွက်ခြင်း၊ ပါဝင်ဖွဲ့စည်းခြင်း၊ အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှု၊ ဆုံးဖြတ်ချက် ချမှတ်သည့်ကဏ္ဍများအတွင်း အမျိုးသမီးများ ပူးပေါင်းပါဝင်ရန် လိုအပ်ချက်များ၊ ရပ်ရွာအတွင်း စီမံအုပ်ချုပ်မှုဆိုင်ရာ ကိစ္စရပ်များနှင့် ဆုံးဖြတ်ချက် ချမှတ်သည့် ကဏ္ဍများတွင် အမျိုးသမီးများ၏ ပူးပေါင်းပါဝင်မှုနှင့် ခေါင်းဆောင်မှုကို မြှင့်တင်ပေးနိုင်မည့် နည်းလမ်းများကို တစ်ရက်တာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

 

ကြီးဒဲရယ်