ဘားအံ ၆ အောက်တိုဘာ
ဘားအံမြို့ပေါ် သန့်ရှင်းသာယာလှပရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်ပြီး ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများသည် အောက်တိုဘာ ၅ ရက် နံနက် ၆ နာရီခွဲက ဘားအံမြို့ပေါ် သီရိလမ်းမပေါ်ရှိ ပြည်နယ်သီရိကွင်းအနီး လမ်းတစ်လျှောက်နှင့် သီရိကွင်းအတွင်း စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဦးဆောင်၍ အထွေထွေအုပ်ချုပ်ရေး၊ စည်ပင်သာယာရေး၊ ရဲတပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသားလူမျိုးများရေးရာရုံး၊ ပြည်နယ်သမဝါယမဦးစီးဌာနတို့မှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများသည် အစိုးရအဖွဲ့ ရုံးတွင်း/ရုံးပြင်၊ သီရိကွင်းအတွင်းနှင့် သီရိလမ်းမကြီးလမ်းဘေး ဝဲယာတို့တွင် စုပေါင်း အမှိုက်ကောက်ခဲ့ပြီး အလားတူ အခြားပြည်နယ် ပြည်နယ်/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများမှလည်း သက်ဆိုင်ရာရုံးများတွင် စုပေါင်းအမှိုက်ကောက်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)


