မန္တလေး ၆ အောက်တိုဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကော်ဖီအသင်းတို့ ပူးပေါင်းကျင်းပသော မြန်မာ့ကော်ဖီပွဲတော်(၂၀၁၉)ကို မန္တလေးမြို့ရှိ မန္တလာသီရိ အားကစားကွင်းတွင် ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်သည်။

 

၅

 

အဆိုပါ ကော်ဖီပွဲတော်တွင် မြန်မာနိုင်ငံဒေသအသီးသီးမှ ထွက်ရှိသော ကော်ဖီများအား ခင်းကျင်းပြသလျက်ရှိပြီး ပြည်ပအဖွဲ့အစည်းများ၊ ကော်ဖီထုတ်လုပ်သူများ၊ ကော်ဖီလုပ်ငန်း လုပ်ကိုင်သူများ၊ ကော်ဖီသွင်းအားစု လုပ်ကိုင်သူများ၊ စားသောက်ဆိုင်လုပ်ကိုင်သူများ အစရှိသော ကော်ဖီလုပ်ငန်းများအပြင် ကော်ဖီပင်အမျိုးမျိုး၊ ကော်ဖီပင်ကြီးထွားပုံအဆင့်ဆင့်၊ ကော်ဖီစေ့ ထုတ်လုပ်ပုံအဆင့်ဆင့် တို့အား  ပြသထားသော ပြခန်းများလည်းပါဝင်သည်။

 

အဆိုပါ ကော်ဖီပွဲတော်ကို အောက်တိုဘာ ၆ ရက်မှ ၇ ရက်ထိ ကျင်းပသွားမည်ဖြစ်ပြီး ဆိုင်ခန်းပေါင်း (၃၆)ခန်းပါဝင်ကာ မြန်မာ့ကော်ဖီအရည်အသွေး မြှင့်တင်ရန်နှင့် ဈေးကွက်ပိုမို ချဲ့ထွင်နိုင်ရန် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်းသိရပြီး မည်သူမဆို လာရောက်လေ့လာ နိုင်ကြောင်း သိရသည်။

 

သန်းဇော်မင်း(ပြန်/ဆက်)