လှည်းကူး ၆ အောက်တိုဘာ

 

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ် ရိပ်သာတိုးချဲ့(၃)လမ်းရှိ အခြေခံပညာမူလတန်း(လွန်) ကျောင်းအတွင်း ပေါက်ရောက်နေသော လုံးပတ်(၆)ပေခန့်၊ အမြင့်ပေ(၅၀)ခန့်ရှိ ကုက္ကိုလ်ပင်၏ အမြင့်(၁၅)ပေခန့်မှ ကုက္ကိုလ်ကိုင်းအား အောက်တိုဘာ ၅ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်က မိုးကြိုးထိမှန်ခဲ့ကြောင်း သိရသည်။

 

 

အဆိုပါ မိုးကြိုးထိမှန်မှုကြောင့် ကုက္ကိုလ်ကိုင်းမှာ ကွဲအက်သွားခဲ့ပြီး ကျောင်းဝင်းအတွင်းသို့ သွယ်တန်းထားသော လျှပ်စစ်မီးကြိုးမှာ ပြုတ်ကျခဲ့ကြောင်း၊ ၎င်းအချိန်တွင် ကျောင်းအုပ် ဆရာမကြီး ဒေါ်နှင်းသီတာပါ ဆရာမ(၇)ဦးတို့မှာ ကျောင်းရုံးခန်းအတွင်းရှိနေပြီး ထိခိုက် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း၊ လျှပ်စစ်မီးကြိုးပြုတ်ကျမှုအား မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံးမှ ဝန်ထမ်းများက ပြန်လည်ပြုပြင်ပေးခဲ့ကြောင်း သိရသည်။ 

 

 

နိုင်လင်း(လှည်းကူး)