လှိုင်သာယာ ၆ အောက်တိုဘာ
အသက် (၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှ လူမှုရေးပင်စင် ထောက်ပံ့ လျက်ရှိရာ အောက်တိုဘာ ၅ ရက်က လှိုင်သာယာမြို့နယ်အတွင်း ကွင်းဆင်း ထောက်ပံ့ ပေးခဲ့ကြသည်။
လှိုင်သာယာမြို့နယ် အမှတ် (၁)ရပ်ကွက်နှင့် ရှမ်းချောင်းကျေးရွာများရှိ ဘိုးဘွားများအား လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာကော်မတီဥက္ကဋ္ဌနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များသည် နိုင်ငံတော်မှ ထောက်ပံ့လျက်ရှိသော လူမှုရေးပင်စင် တစ်လလျှင် ကျပ်တစ်သောင်းဖြင့် (၃) လတစ်ကြိမ် ကျပ်သုံးသောင်းအား အိမ်အရောက် ကွင်းဆင်းကန်တော့ ပေးအပ်ခဲ့ကြသည်။ ထို့ပြင် သွားလာနိုင်သော ဘိုးဘွားများအား နီးစပ်ရာဓမ္မာရုံများတွင်လည်းကောင်း၊ မသွားလာနိုင်သော ဘိုးဘွားများအား အိမ်အရောက်ကွင်းဆင်း၍လည်းကောင်း ထောက်ပံ့ကန်တော့ ပေးအပ် ခဲ့ကြသည်။
မြို့နယ်(ပြန်/ဆက်)


