ကောလင်း ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန(Community Centre ) ခန်းမတွင် စက်တင်ဘာ ၆ ရက်နေ့ နံနက် ၉ နာရီက မြန်မာစာသတ်ပုံမှန် ရွေးပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဦကိုကိုမောင်က ပြိုင်ပွဲကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။ ထို့နောက် ကျောင်းသား၊ ကျောင်းသူ တို့က မြန်မာစာသတ်ပုံမှန်ရွေးပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲကို ယှဉ်ပြိုင်ခဲ့ကြသည်။
ထို့နောက် မြန်မာစာသတ်ပုံမှန်ရွေးပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူ ကျောင်းသား ကျောင်းသူများကို မြို့နယ်ပြန်/ဆက်ဦးစီးမှူးက ဗလာစာအုပ်များ ချီးမြှင့်ပေးအပ်ခဲ့ပြီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသော ကျောင်းသားကျောင်းသူများကို ဗလာစာအုပ်တစ်အုပ်စီ ပေးဝေခဲကြောင်း သိရသည်။
မြင့်ထွန်းမင်း(ပြန်/ဆက်)


