၇  အောက်တိုဘာ

မန်ယူအသင်းဟာ ဘုန်းမောက်အသင်းရဲ့တိုက်စစ်မှူး ကော်လမ်ဝီလ်ဆင်ကို လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့ ကာလအတွင်းမှာ ခေါ်ယူဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

မန်ယူအသင်းနည်းပြ ဆိုးရှားအနေနဲ့ တိုက်စစ်ပိုင်း အားနည်းချက်တွေကို ပြင်ဆင်ဖို့ လာမယ့်အပြောင်းအရွှေ့ ကာလအတွင်းမှာ ပြင်ဆင်ဖို့ ရည်ရွယ်ထားတာဖြစ်ပြီး အပြောင်းအရွှေ့ ဈေးကွက်ပြန်ဖွင့်ရင် တိုက်စစ်မှူး ဝီလ်ဆင်ကို ခေါ်ယူမယ်လို့ ဆိုပါတယ်။

မန်ယူအသင်းဟာ တိုက်စစ်မှူး လူကာကူကို အင်တာမီလန်အသင်းဆီ ရောင်းချခဲ့တာကြောင့် လက်ရှိအသင်းရဲ့ တိုက်စစ်ပိုင်းမှာ ရက်ရှ်ဖို့ဒ်၊ မာရှယ်လ်နှင့် ဂရင်းဝုဒ်တို့ကို အားကိုးနေရတာ ဖြစ်ပါတယ်။

အင်္ဂလန်ကြယ်ပွင့် ဝီလ်ဆင်ဟာ နည်းပြဆောက်ဂိတ်ရဲ့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ၂၀၂၀ ပြည်နှစ် ဇွန်လမှာကျင်းပမယ့် ယူရိုပွဲစဉ်မှာလည်း ပါဝင်ကစားခွင့်ရရှိမှာ ဖြစ်ပါတယ်။

ဝီလ်ဆင်ဟာ လက်ရှိအချိန်မှာ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ သုံးပွဲပါဝင်ကစားပေးထားပြီး သွင်းဂိုးတစ်ဂိုး သွင်းယူပေးထားတာ ဖြစ်ပါတယ်။ ဝီလ်ဆင်ဟာ ဘုန်းမောက်အသင်းနဲ့အတူ အကောင်းဆုံးခြေစွမ်းပြ ကစားနိုင်တာကြောင့် ဥရောပကလပ်အသင်းတချို့ရဲ့စောင့်ကြည့်မှုကို ခံထားရတာ ဖြစ်ပါတယ်။

ငွေကြယ်