ပဲခူး  ၆ အောက်တိုဘာ

 

ပဲခူးမြို့နယ်အတွင်းမှ ပြည်သူများ၏ မိုဘိုင်းဖုန်းများကို ယူနီကုဒ်စနစ် ပြောင်းလဲအသုံးပြုနိုင်ရန်အတွက် ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာလုပ်ငန်းရှင်အသင်းနှင့် ကွန်ပျူတာပညာရှင်အသင်းတို့က ဦးဆောင်ကာ အောက်တိုဘာ ၆ ရက်မှ ၁၀ ရက်အထိ အခမဲ့ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

 

အခမဲ့ ယူနီကုဒ်ပြောင်းပေးခြင်းကို ပဲခူးမြို့ သနပ်ပင်လမ်းမ လိပ်ပြာကန်အနီးရှိ CB ဘဏ်ရှေ့၌ ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ကွန်ပျူတာအသင်းများက ပဲခူးမြို့ပေါ်ရှိ ဆက်သွယ်ရေးဌာနများနှင့် တယ်လီဖုန်းဆိုင်များနှင့် ပူးပေါင်း၍ ဆောင်ရွက်ပေးခြင်းဖြစ်ကာ စက်တင်ဘာ ၆ ရက်မှ ၁၀ ရက်အထိ နေ့စဉ် နံနက် ၈ နာရီမှ ၁၁ နာရီအထိ တစ်ကြိမ်နှင့် ညနေ ၃ နာရီမှ ၆ နာရီအထိ တစ်ကြိမ် ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ဖုန်းများကို ယူနီကုဒ်ပြောင်းရန် အခက်အခဲရှိသူ ပဲခူးမြို့ပေါ်နှင့် မြို့နယ်အတွင်းနေ ပြည်သူများအနေဖြင့် အခမဲ့ လာရောက်လုပ်ဆောင်နိုင်ကြကြောင်း ပဲခူးတိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းနှင့် ကွန်ပျူတာလုပ်ငန်းရှင်အသင်းတို့က အသိပေးထားသည်။

သူရဖြိုး