ရန်ကုန်  ၇ အောက်တိုဘာ

 

အောက်တိုဘာ ၆ ရက် က ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ မရမ်းကုန်းမြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ကမ္ဘာအေးဘုရားလမ်းမပေါ်မှတစ်ဆင့် ပလက်ဖောင်းအတွင်းသို့ စပါးအုံး မြွေတစ်ကောင်မှာ ဝင်ရောက်ပြီး ဆက်မသွားတော့ဘဲ ခန္ဒာကိုယ်တစ်ဝက် ကားလမ်းပေါ် တင်နေသည့်အတွက် လမ်းသွားလမ်းလာများ အန္တရာယ်ရှိနေသောကြောင့် ဖမ်းဆီပေးပါရန် သတင်းပေးပို့သဖြင့် မရမ်းကုန်းမြို့နယ်မီးသတ်စခန်းမှ သွားရောက်ဖမ်းဆီးပြီး မင်္ဂလာဒုံမြို့နယ်၊ စိတ္တသုခ တပ်ဦးကျောင်းတိုက် ဘေးမဲ့မြွေခြံအတွင်းသို့ မိုးစေတနာအသင်းပိုင်ကားဖြင့် သွားရောက် လွှတ်ပေးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ သိရသည်။

 

MDN