ဒဂုံ ၇ အောက်တိုဘာ               

 

 

ရန်ကုန်တိုင်းဒေသကြီး၊  ဒဂုံမြို့နယ်၊   ဦးဝိစာရရပ်ကွက်အတွင်း  ပြည်သူများ  အသုံးပြုသွားလာ လျှက်ရှိသော လမ်းဘေးတစ်လျှောက် ဓာတ်ကြိုးများနှင့်  မလွတ်ကင်းသော သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင် ရှင်းလင်းခြင်းကို  မြို့တော်စည်ပင်  ပန်းဥယျာဉ်ဌာနမှ  ဒုတာဝန်ခံ  ဦးတင်အေးလွင်နှင့်   ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး  ဦးစောမင်းသန်းနှင့် ရပ်ကွက်ပြည်သူများ စုပေါင်း၍ ယနေ့နံနက် ၉ နာရီက စတင် ဆောင်ရွက်ကြောင်း သိရသည်။

 

 

ယခုကဲ့သို့  ခုတ်ထွင်ရှင်းလင်းပေးခြင်းဖြင့်  လမ်းဘေးတလျှောက် သစ်ပင်၊ သစ်ကိုင်းများ ဆွေးမြေ့ ကျိုးကျခြင်း အန္တရာယ် ဖြစ်ပေါ်နိုင်သောကြောင့်  သဘာဝဘေးအန္တရာယ်  ကြိုတင်ကာကွယ်ခြင်းဖြစ်ပြီး နေ့စဉ်ခရီးသွားပြည်သူများ၊ ယာဉ်များအန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရန်နှင့်  လျှပ်စစ်မီးသုံးစွဲရာတွင် လည်း လျှပ်စစ်အန္တရာယ် ကင်းဝေစေရေး၊ သုံးစွဲသည့်  ဗို့အားပမာဏ ပြည့်ဝတည်ငြိမ်စွာ  အသုံးပြုနိုင်ရေးအတွက်  ဓါတ်အားလိုင်းနှင့်  မလွတ်ကင်းသော  သစ်ပင်၊ သစ်ကိုင်း  စုပေါင်း ရှင်းလင်းခြင်းဖြစ်ကြောင်း သိရသည်။

 

 

မြို့နယ်(ပြန်/ဆက်)