မြစ်ကြီးနား  ၇  အောက်တိုဘာ

အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ Trinity World University မှ ပေးအပ်ချီးမြှင့်သော ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ်တော် နှစ်ခုရရရှိခဲ့သည့် ဆရာတော် ဘဒ္ဒန္တ ဥတ္တမသီရိအား အောက်တိုဘာ ၆ ရက် မွန်းလွဲပိုင်းက မြစ်ကြီးနား လေဆိပ်တွင် ဆရာတော်၊ သံဃာတော်များနှင့် ဓမ္မစကူး ဆရာ/ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက ကြိုဆိုဂုဏ်ပြုခဲ့ကြောင်း သိရသည်။

ဆရာတော် ဘဒ္ဒန္တ ဥတ္တမသီရိသည်  ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်၊ အောင်ဇေရန်အောင်၊ အောင်သပြေတစ်ထောင် စေတီတော်၊ တပ်ဦးဘုန်းတော်ကြီး ကျောင်းတိုက်၏ ပဓာနနာယက ဆရာတော်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာ ၂၅ ရက်က အိန္ဒိယနိုင်ငံ Trinity World University တွင် ကျင်းပပြုလုပ်သည့် ဘာသာရေးဆိုင်ရာ ဘွဲ့တံဆိပ်ပေးအပ်ပွဲတွင် ASTROLOGY (PH.D)(နက္ခတ္တ ဗေဒပညာရှင်ဆု)နှင့် SOCIAL WORK (PHD)(လူမှုရေးစွမ်းဆောင်ဆု)များ ချီးမြှင့်ခြင်းခံခဲ့ရကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)