ဆားလင်းကြီး  ၇  အောက်တိုဘာ

 

မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်း(မုံရွာ)မှ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲကို အောက်တိုဘာ ၆ ရက် မွန်းလွဲ ၃ နာရီက ယင်းမာပင်ခရိုင် ဆားလင်းကြီးမြို့နယ် ရွာသာကျေးရွာ ချမ်းသာအေး ကျောင်းတိုက်၌ ကျင်းပ ခဲ့သည်။

 

ဟောပြောပွဲတွင် မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်း (မုံရွာ)မှ အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဝေက မြန်မာနိုင်ငံတွင် အဖြစ်များသော ရောဂါများတွင် အသည်းရောဂါလည်း ပါဝင်ကြောင်း၊ အသည်းရောဂါများ မဖြစ်အောင် ကျန်းမာရေး စစ်ဆေးခြင်း၊ ကာကွယ်ကုသ ခြင်းများကို ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဟောပြော ဆွေးနွေးခဲ့သည်။

 

ဆက်လက်ပြီး မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်း (မုံရွာ)မှ အသည်းအထူးကု ဆရာဝန်ကြီး ဒေါက်တာမြင့်ဝေနှင့် ဆရာ/ ဆရာမများက ဘီပိုး၊ စီပိုး အခမဲ့သွေးစစ်ဆေးခြင်းနှင့် ဘီပိုး ကာကွယ်ဆေးထိုးခြင်းများကို ဆောင်ရွက်ပေးခဲ့သည်။

 

မြန်မာနိုင်ငံ အသည်းဖောင်ဒေးရှင်း(မုံရွာ) အနြေဖင့် ရွာသာကျေးရွာတွင် တတိယအကြိမ် ဘီပိုး၊ စီပိုး အခမဲ့ သွေးစစ်ဆေးခြင်းနှင့် ဘီပိုးကာကွယ်ဆေးထိုးခြင်းများ ဆောင်ရွက်ပေးခဲ့ရာ ဒေသခံပြည်သူ (၃၉၉)ဉီးအား ဘီပိုးကာကွယ်ဆေးများ ထိုးနှံပေးနိုင်ခဲ့ကြောင်း ရွာသာကျေးရွာ အေးသုခ ပရဟိတ လူမှုကူညီရေးအသင်းထံမှ သိရသည်။

 

ဇော်လင်း(ဆားလင်းကြီး)