နေပြည်တော် ၇   အောက်တိုဘာ

 

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့စာတိုက်လုပ်ငန်း မှ ( ၁၄၅ ) နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ ( WORLD POST DAY ) အထိမ်းအမှတ် ၂၀ဝ/- ကျပ်တန် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်(၁) မျိုးအား  ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ( ၉ ) ရက်၊ မြန်မာသက္ကရာဇ် ၁၃၈၁ ခုနှစ်၊ သီတင်းကျွတ်လဆန်း ( ၁၁ )ရက် (ဗုဒ္ဓဟူး)နေ့၊ နံနက်၉ နာရီခွဲမှ စတင်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ လုပ်ငန်းပြည့် စာတိုက်အသီးသီးတွင် ရောင်းချပေး သွားမည်ဖြစ်သည်။

 

အထူးအစီအစဉ်တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး နှင့် မန္တလေးစာတိုက်ကြီးတို့တွင် အောက်တိုဘာ(၉)ရက်၌ ဝယ်ယူသော အထူးထုတ်စာပို့ တံဆိပ်ခေါင်းများနှင့် ပထမနေ့စာအိတ် ( Firstday Cover ) များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးသွားမည်ဖြစ်သည်။

 

ထို့ပြင် (၁၄၅)နှစ်မြောက် ကမ္ဘာ့စာပို့တိုက်နေ့ (WORLD POST DAY) အခမ်းအနား ကျင်းပရာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ရုံးအမှတ်(၂)၊ နေပြည်တော်တွင်လည်း အထိမ်းအမှတ် အထူးထုတ် ပထမနေ့စာအိတ် ( Firstday Cover ) များပေါ်တွင် နေ့စွဲ အမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)