မိုင်းယန်း အောက်တိုဘာ ၇

 

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ကျိုင်းတုံခရိုင်၊မိုင်းယန်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှပြည်သူများအား အသိပညာဗဟုသုတကို ဖြန့်ဝေပေးလျှက်ရှိရာ ယနေ့နံနက် ၉ နာရီတွင်Community Centre အခန်း၌Women Club အသင်းမှ စာရေးဆရာဖေမြင့်၏ "စဉ်းစားခြင်း"ဆိုင်ရာ စာအုပ်အားစာဖတ်ဝိုင်းဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ စာဖတ်ဝိုင်းဆွေးနွေးပွဲတွင်မြို့နယ်ပြန်/ဆက်ဦးစီးမှူး ဦးစိုင်းမြတ်ကျော်စိုးက စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီးစာရေးဆရာဖေမြင့်၏ "စဉ်းစားခြင်း ဆိုတာဘာလဲ" ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးခဲ့သည်။

 

8

 

ဆက်လက်၍ Women Club အသင်းမှဒေါ်အေးသန့်ခိုင်က စဉ်းစားခြင်း၊ တွေးခေါ်ခြင်းဆိုင်ရာ အကြောင်းအရာများမှ "ကျွန်တော်ကပြတ်သားတယ်၊ ခင်ဗျားကခေါင်းမာတယ်" ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်သန္တာဝင်းက" ဘယ်သူကတရားပိုရှိသလဲ" ကိုလည်းကောင်း၊ ဦးကျော်သူရက "အသက်ဘေးမှလွတ်မြောက်အောင်ရုန်းထွက်ခြင်း"ကို လည်းကောင်း၊ ဒေါ်ခိုင်နွယ်အေးက "သူ့အသက်သူပိုင်သလား၊မပိုင်ဘူးလား"ကို လည်းကောင်း၊ သက်ရောက်မှု ပြင်းသောစကားလုံးများ၊ ပြဿနာကို အမည်နာမတပ်ခြင်း(သို့) တိကျစွာပုံဖော်ကြည့်ခြင်း၊ ပရိုတာဂေါရတ်(စ)နှင့် သူ့တပည့်အစရှိသောတွေးခေါ်စဉ်းစားခြင်းဆိုင်ရာခေါင်းစဉ်အချို့ကိုWomen Club အသင်းဝင်များမှ ဖတ်ကြားကာ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲသို့Women Club အသင်းမှအင်အား ၁၅ ဦးတက်ရောက်ပြီးနံနက်၁၁ နာရီအထိ စာဖတ်ဝိုင်းအား သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

မြို့နယ်ပြန်/ဆက်