ကျိုက်မရော          အောက်တိုဘာ  ၇

 

မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနကလေးစာဖတ်ခန်း၌ မြန်မာစာသတ်ပုံမှန်ရွေးပွဲနှင့် ဖတ်မှတ်စွမ်းရည် ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် နံနက် ၁၁ နာရီ က ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြိုနယ်ဦးစီးမှူး ဒေါ်ချိုမြတ်မြတ်ထွေးက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြား သည်။ ထို့နောက် အမက အတ္တရံကျောင်းသူ ကျောင်းသားများက မြန်မာစာသတ်ပုံမှန်ရွေးပွဲနှင့် ဖတ်မှတ်စွမ်းရည်ပြိုင်ပွဲ ကဗျာရွတ်ဆိုပြိုင်ပွဲများကို ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

 

ထို့နောက် ပြိုင်ပွဲတွင်ဆုရရှိသော ကျောင်းသားကျောင်းသူများအား မြို့နယ်ဦးစီးမှူးနှင့် ဆရာမကြီးက စာအုပ်နှင့် စာရေးကိရိယာများကိုချီးမြှင့်ပေးအပ်ခဲ့သည်။ ကလေးများ စာဖတ်စွမ်းရည် တိုးတက်လာအောင် ယခုကဲ့သို့ ပြိုင်ပွဲများ အပတ်စဉ် ကျင်းပပေးသဖြင့် ကလေးများ၏ ဖတ်မှတ်စွမ်းရည်များတိုးတက် ကောင်းမွန်လာကြောင်း အတန်းပိုင်ဆရာမ ဒေါ်ခင်လပြည့်က ပြောသည်။

 

ချိုမြတ်မြတ်ထွေး  ( ကျိုက်မရော  )