နေပြည်တော် ၇ အောက်တိုဘာ
အရာထမ်းငယ်အခြေခံသင်တန်း အမှတ်စဉ် (၁၀၄) (၁၀၅)(၁၀၆)နှင့် စာရေးဝန်ထမ်း အခြေခံသင်တန်း အမှတ်စဉ် (၁၈၃)(၁၈၄)(၁၈၅) (၁၈၆)တို့၏ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၇ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့နယ် ဗဟိုဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ရတနာသိင်္ဃခန်းမ၌ ကျင်းပရာ ပါမောက္ခချုပ် ဦးအောင်တင်စိုး တက်ရောက်၍ အမှာစကား ပြောကြားသည်။
အဆိုပါ အရာထမ်းငယ်အခြေခံသင်တန်းအမှတ်စဉ် (၁၀၄)(၁၀၅) (၁၀၆) နှင့် စာရေး ဝန်ထမ်းအခြေခံသင်တန်းအမှတ်စဉ် (၁၈၃)(၁၈၄)(၁၈၅)(၁၈၆)သို့ ဗဟိုအဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့မှ ဒုတိယဦးစီးမှူးအဆင့်ရှိ အရာထမ်းငယ် သင်တန်းသား(၁၉၄)ဦး၊ သင်တန်းသူ (၂၀၅)ဦးနှင့် စာရေးအဆင့်ရှိသင်တန်းသား(၂၆၇)ဦး၊ သင်တန်းသူ (၃၃၄)ဦးတို့က ရက်သတ္တ(၄)ပတ်ကြာ တက်ရောက်ကြမည်ဖြစ်သည်။
သတင်းစဉ်


