နေပြည်တော်  ၇   အောက်တိုဘာ

 

မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလျက်ရှိသည်။

 

ထိုသို့လှူဒါန်းလျက်ရှိရာ  Shigematsu Company Limited (Japan) က အမေရိကန်ဒေါ်လာ (၃၀,ဝဝဝ)၊  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး ဝန်ထမ်းမိသားစုများက ငွေကျပ် (၁၈၂,ဝဝဝ)၊ ပြန်လည်ထူထောင်ရေး ဦးစီးဌာန ဝန်ထမ်းမိသားစုများက ငွေကျပ် (၁၂၈,ဝဝဝ) တို့ကို ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းကြရာ ဒုတိယဝန်ကြီး ဦးစိုးအောင်က  အလှူငွေများကို လက်ခံပြီး ကျေးဇူးတင်စကားပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။

 

သတင်းစဉ်