ရန်ကုန် ၇   အောက်တိုဘာ

 

မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဥက္ကဋ္ဌ ဦးအုန်းကြိုင်နှင့် အဖွဲ့သည် ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီနိုင်ငံတို့သို့ လေ့လာရေးသွားရောက်ရန် ယနေ့တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားသည်။

 

ဒီမိုကရေစီနည်းစနစ်ကျသော မီဒီယာထိန်းချုပ်မှုပုံစံများအဖြစ် မီဒီယာများနှင့် စပ်လျဉ်းသည့် လွှတ်တော်နှင့် တရားစီရင်ရေး အခန်းကဏ္ဍများကို လေ့လာသည့် ဥရောပခရီးစဉ်အဖြစ် ဗြိတိန်၊  ပြင်သစ်နှင့်ဂျာမနီ တို့သို့ အောက်တိုဘာ ၁၉ရက် အထိ လေ့လာရေးသွားရောက် မည်ဖြစ်သည်။

 

အဆိုပါခရီးစဉ်တွင်  မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ လူ့ အခွင့် အရေး ကော်မရှင်၊ မြန်မာနိုင်ငံ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၊ တရားလွှတ်တော်ချုပ်ရုံး၊ ဥပဒေချုပ်ရုံး၊ အမျိုးသားလွှတ်တော်၊ မြန်မာမီဒီယာရှေ့နေများကွန်ယက်တို့မှ ကိုယ်စားလှယ်များ လိုက်ပါသွားကြကြောင်း သိရသည်။

 

ထိုခရီးစဉ်ကို DW Akademie နှင့် Free Expression Myanmar တို့က ပံ့ပိုးကူညီစီစဉ်ခြင်းဖြစ်သည်။

 

သတင်းစဉ်