သုံးခွ ၈ အောက်တိုဘာ

 

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့ အမှတ် ၁၁ ရပ်ကွက် အနော်ရထာလမ်းရှိ မြို့မရေလည် ကျောင်းတိုက်၌ အောက်တိုဘာ ၁၃ ရက် (သီတင်းကျွတ်လပြည့်နေ့) အဘိဓမ္မာအခါတော်နေ့တွင် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ နှစ်စဉ် အစဉ်အလာမပြတ် ကျင်းပသော ပဝါရဏာပွဲ ကျင်းပပြုလုပ်မည်ဟု သိရှိရသည်။

 

ကျောင်းတိုက်၏ ဉီးစီးပဓာနနာယက ဒေါက်တာဘဒ္ဒန္တနန္ဒာလင်္ကာရ (Ph.D IUM, Florida, USA) မဟာသဒ္ဓမ္မဇောတိကဓဇ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် နိုင်ငံတော်ဝိနည်းဓုရ် ပြည်တွင်းပြည်ပ သာသနာပြု မြို့မပဝါရဏာနိကာယ တာဝန်ခံက တာဝန်ယူ ကျင်းပလှူဒါန်းပြုလုပ်ခြင်းဖြစ်ပြီး မြို့ပေါ် ၁၁ ရပ်ကွက်၊ ကျေးရွာ(၇)ရွာမှ ပဝါရဏာ၊ သုဓမ္မာဂုဏ်းဝင် ဆရာတော် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းခြင်း၊ သိမ်ဆင်းလောင်းလှူခြင်း၊ ပဝါရဏာကံဆောင် သံဃာအပါး ၂၀ဝ အား ဗလာမပါစာတံမဲချ လှူဒါန်းခြင်းများ စသည်ဖြင့် ကျင်းပပြုလုပ်မည်ဟု သိရှိရသည်။

 

ကိုကျော် (သုံးခွ)