သုံးခွ ၈ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်တွင် ကျေးရွာနေပြည်သူများ လျှပ်စစ်ဓာတ်အား ရရှိသုံးစွဲနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့သည့် ကျေးရွာ ၁၈ ရွာအနက် အောက်တိုဘာ ၈ ရက် နံနက် ၈ နာရီတွင် သဲကုန်းကြီး၊ သဲကုန်း၊ တောစွန်း၊ ဖရုံကန်၊ ကုန်းခလာကျေးရွာတို့တွင် တည်ဆောက်ပြီး ဖြစ်သည့် (၁၁/ဝ.၄)ကေဗွီ ၂၀ဝ ကေဗွီအေ၊ ထရန်စဖော်မာငါးလုံးအား ဓာတ်အားပို့လွှတ်ခဲ့ပြီး ဖြစ်ကြောင်း သိရှိရသည်။
အလားတူ ကျန်ရှိသည့် ကျေးရွာ ၁၃ ရွာအား ဆက်လက်ဓာတ်အားပို့လွှတ်သွားမည်ဟု သုံးခွမြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ သိရှိရသည်။
ကျော်ဆန်း


