ရပ်စောက် ၈ အောက်တိုဘာ
လူမှုဝန်ထမ်းဦးစီးဌာန၊ ရှမ်းပြည်နယ်လူမှုဝန်ထမ်းရုံးမှ စီစဉ်ဆောင်ရွက်သော လူမှုရေးပင်စင် ထောက်ပံ့ခြင်းဆိုင်ရာ အသိပညာပေးလုပ်ငန်းနှင့် သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ဥပဒေ ရှင်းလင်းဆွေးနွေးပွဲကို အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီခွဲက ရပ်စောက်မြို့ ဈေးတန်းရပ်ကွက် ဓမ္မာရုံ၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် ရှမ်းပြည်နယ် လူမှုဝန်ထမ်းရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက သက်ကြီးရွယ်အို အခွင့်အရေးဆိုင်ရာ ဥပဒေကိုလည်ကောင်း၊ ဦးစီးအရာရှိ ဒေါ်အေးစန္ဒာလှိုင်က လူမှုရေးပင်စင်ဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို လည်ကောင်း ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ရပ်စောက်မြို့ရှိ အဘိုးအဘွားများ တစ်ဦးချင်းစီအား အာဟာရပစ္စည်းများဖြင့် လှူဒါန်းကန်တော့ခဲ့ကြကြောင်း သိရသည်။
မူမြစော (ပြန်/ဆက်)


