နေပြည်တော်   ၈      အောက်တိုဘာ

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံတကာဆက်ဆံရေးကော်မတီဥက္ကဋ္ဌ ဦးဇော်သိန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဗီယက်နမ်ဆိုရှယ်လစ်သမ္မတနိုင်ငံ သံအမတ်ကြီး Ms.Luan Thuy Duong နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင်၊ အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့၏ တိုးတက်ကောင်းမွန်သောနှစ်နိုင်ငံ လွှတ်တော်များနှင့် ပြည်သူများ၏ဆက်ဆံရေး၊ အာဆီယံနှင့် အာဆီယံပါလီမန်များ အထွေထွေညီလာခံတို့တွင် အကျိုးတူ ပူးပေါင်းဆောင်ရွက်မှု၊ နှစ်နိုင်ငံချစ်ကြည်ရေး ခရီးစဉ် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။

           

သတင်းစဉ်

 

mdn