နေပြည်တော် ၈ အောက်တိုဘာ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်နိုင်ငံ သံအမတ်ကြီး မစ္စတာ ဝေါင်တာ ရောဘတ် မာရီရာဂန်စ် နှင့်အဖွဲ့အား ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးရုံး၌ တွေ့ဆုံသည်။
တွေ့ဆုံစဉ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ရေအရင်းအမြစ်စီမံခန့်ခွဲမှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းနှင့်စပ်လျဉ်းသည့် နားလည်မှုစာချွန်လွှာ သက်တမ်းတိုးမြှင့်ရေး နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။
သတင်းစဉ်


