နေပြည်တော် ၈ အောက်တိုဘာ
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် တာဝန်ပြီးဆုံး၍ ပြန်လည်ထွက်ခွာမည့် UNDP မှဌာနေကိုယ်စားလှယ် Mr. Peter Batchelor အား ယနေ့နံနက် ၁၁ နာရီတွင် ပြည်ထောင်စုဝန်ကြီးရုံး ဧည့်ခန်းမ၌လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောကဏ္ဍတွင် UNDPနှင့် ပူးပေါင်းဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲလုပ်ငန်း စီမံကိန်းများနှင့် အကျိုးရလဒ်များ၊ သစ်တောစိုက်ခင်းပြန်လည်တည်ထောင်ခြင်း (၁၀)နှစ်စီမံကိန်း၊ ဒီရေတောထိန်းသိမ်းခြင်း နှင့်ပြန်လည်တည်ထောင်ခြင်းလုပ်ငန်းများ အကောင်အထည်ဖော်မှုနှင့် ရန်ပုံငွေအရင်း အမြစ်ရရှိနိုင်မှု၊ ဇီဝမျိုးစုံမျိုးကွဲရန်ပုံငွေနှင့် ပတ်ဝန်းကျင် စီမံခန့်ခွဲမှုရန်ပုံငွေတို့ တည်ထောင်နိုင်ရေးလုပ်ငန်းစဉ်များနှင့် ပါဝင်ပတ်သက်သူများမှ ပူးပေါင်းဆောင်ရွက်နိုင်မည့် အစီအစဉ်များ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံသို့ အဖွဲ့ဝင်နိုင်ငံ အနေဖြင့် တက်ရောက်နိုင်မည့် အခြေအနေများနှင့်ပတ်သက်၍ အမြင်ခြင်းဖလှယ်ဆွေးနွေးကြကြောင်း သိရသည်။
သတင်းစဉ်


