ရန်ကုန် ၈  အောက်တိုဘာ

 

ရန်ကုန်အနောက်ပိုင်းခရိုင် မရမ်းကုန်းမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် အပရာဇိတ ဆံတော်ရှင် ကျိုက်ဝိုင်းစေတီတော်မြတ်ကြီး၏ ရင်ပြင်တော်ပေါ်တွင် စေတီတော်ဂေါပကအဖွဲ့ဦးဆောင်မှုဖြင့် အဘိဓမ္မာအခါတော်နေ့  ဗုဒ္ဓဟူးနေ့ သီတင်းကျွတ်ပွဲတော်ကြီးကို အောက်တိုဘာ ၁၂ ရက် စနေနေ့ နံနက် အရုဏ်တက်မှစ၍ ထောင့် ၄ ထောင့် ပန်း၊ ဆီမီး၊ ရေချမ်း၊ သစ်သီး၊ ဆွမ်း၊ မုန့်ဆွမ်းတို့ ဆက်ကပ်လှူဒါန်း၍ အရှေ့ဘက်စောင်းတန်း အောင်ဓမ္မာရုံ ၌ ရဟန္တာ အရှင်သူမြတ်တို့၏ ဓါတ်တော်များ သုံးရက်သုံးညတိုင်တိုင် အပူဇော်ခံသွားမည်ဖြစ်ကြောင်း သိရသည်။ ညပိုင်းများမှာလည်း ရောင်စုံမီးများ ထွန်းညှိပူဇော်မည့်အပြင် စေတီပုံတော်သံပန်းလေးများပေါ် ဆီမီး(၁၁၀ဝ၀) ထွန်းညှိပူဇော်လျက် ဘုရားဖူးလာပြည်သူများအား ကြက်ဆန်ပြုတ်၊ ဘဲသားဆန်ပြုတ်၊ အချိုရည်များဖြင့် စတုဒီသာကျွေးမွေးဧည့်ခံကာ သီတင်းကျွတ်မီးထွန်းပွဲတော်ကြီးကို စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

မျိုးမင်းသိန်း(မရမ်းကုန်း)