ဘုတလင် ၉     အောက်တိုဘာ

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်တွင် JICA ၏ ပံ့ပိုးမှုဖြင့် ကွန်ကရစ်တံတား နှစ်စင်းနှင့် ကျေးလက်ကျောက်ချောလမ်းတို့အား ၂၀၁၉−၂၀၂၀ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည် ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

 

၂

 

ဘုတလင်-မောင်းထောင်ကားလမ်း လွှဲတဲကျေးရွာနှင့် ဆည်ဝကျေးရွာကြားတွင် ရေကျော် ၃ နေရာ ရှိပါ ကြောင်း၊ ရေကျော်(၂)နေရာတွင် JICA ၏ ပံ့ပိုးမှုဖြင့် ကွန်ကရစ်တံတားနှစ်စင်း တည်ဆောက်မည် ဖြစ်ပြီး ကျန်တစ်နေရာတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် တံတားတည်ဆောက်မည် ဖြစ်ပါကြောင်း၊ အလားတူ JICA ၏ ပံ့ပိုးမှုဖြင့် လက်ပံ−ဝန့်တုံ−မောင်းထောင်လမ်းကိုsလည်း (၉ ဒဿမ ၅၆)မိုင် ကျောက်ချောလမ်း ဖောက်လုပ်မည် ဖြစ်ပါကြောင်း၊ အဆိုပါ လုပ်ငန်းများကို JICA ၏ Agriculture Income Improvement Project ရန်ပုံငွေဖြင့် ဆောင်ရွက်မည် ဖြစ်ပါကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဇင်အောင်က ပြောသည်။

 

၃

 

 တံတားတည်ဆောက်မည့် ရေကျော်နေရာများနှင့် လက်ပံ−ဝန့်တုံ−မောင်းထောင်လမ်းအား AIIP မှ Section Leader(Roads & Bridge) ဖြစ်သူ Mr. Yoshihisa YAMASHITA ၊ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာထွန်းမြင့်အောင်နှင့် အဖွဲ့ဝင်များသည် စက်တင်ဘာလ အတွင်းက ကွင်းဆင်းကြည့်ရှု  စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ဖိုးခါး(မုံရွာ)