ကော့မှူး ၉ အောက်တိုဘာ
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်အတွင်းရှိ ကျေးရွာနေပြည်သူများ ဥပဒေနှင့်အညီ ဆိုင်ကယ်စီးနင်းအသုံးပြုနိုင်ရေးနှင့် အဆင်ပြေချောမွေ့စွာ မော်တော်ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်ရရှိနိုင်ရေးအတွက် ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကြောင့် ယာဉ်အန္တရာယ် လမ်းအန္တရာယ်နှင့် ယာဉ်စည်းကမ်း လမ်းစည်းကမ်း သိရှိစေရေး ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် ရန်ကုန်တောင်ပိုင်းခရိုင် ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှကျေးရွာများတွင်လိုင်စင်ပြုလုပ်လိုသူများနှင့် လိုင်စင်ရှိ မော်တော်ဆိုင်ကယ် သက်တမ်းတိုးသူများအား အသိပေး ကြေညာထားကြောင်း သိရသည်။
အဆိုပါ မော်တော်ဆိုင်ကယ် ယာဉ်မောင်းသူများအတွက် ဆိုင်ကယ်ယာဉ်မောင်း လိုင်စင်နှင့် လိုင်စင်ရှိ မော်တော်ဆိုင်ကယ်သက်တမ်းတိုးခြင်းများကိုအောက်တိုဘာ ၁၉ရက် နံနက်၉နာရီမှ မွန်းလွဲ ၃ နာရီခွဲအထိ နတ်စင်ကုန်းကျေးရွာတွင် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ(ကော့မှူး)


