ဟားခါး ၉ အောက်တိုဘာ
ချင်းပြည်နယ် ဟားခါးမြို့ အိပ်မက်တော်ရ သစ္စာအောင်မြေကုန်းတော် ဇေတဝန်တောရ စာသင် တိုက်တွင် တည်ထားကိုးကွယ်တော်မူသော မာရဝိဇယမဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးနှင့် ရုပ်ပွား တော်များအား ချင်းတောင်တန်းသာသနာပြုဆရာတော် ဒေါက်တာဘဒ္ဒန္တတေဇောသာရ အရှင်သူမြတ်နှင့် တပည့်ဒါယကာ၊ဒါယိကာမများက စုပေါင်း၍ သီတင်းကျွတ်လပြည့်ညတွင် ဆီမီး (၅၀ဝ၀) ကပ်လှူ ပူဇော် မည်ဖြစ်ကြောင်း သိရှိရသည်။
ဆရာတော် အရှင်သူမြတ်နှင့် တပည့် ဒါယကာ၊ဒါယိကာမများသည် သီတင်းကျွတ်လဆန်း (၁၄) ရက်၊စနေနေ့နံနက် (၉)နာရီတွင် မဟာမြတ်မုနိ ရုပ်ပွားတော်မြတ်ကြီးအား သစ်သီး(၉)မျိုး၊ မုန့်(၉)မျိုး၊ ယို(၉)မျိုး၊ ပန်း(၉)မျိုး၊ ဆီမီး(၉)မျိုး၊ နံ့သာ (၉)မျိုး တို့ဖြင့် ကပ်လှူ၍ အသံမစဲ အဘိဓမ္မာ(၇)ကျမ်း ရွတ်ဖတ်ကာ မိဘကျေးဇူးဆပ်ခြင်း၊ သီတင်းကျွတ်လပြည့် ၊တနဂငေ်္နွနေ့ နံနက် ၉ နာရီတွင် မျက်နှာတော် သစ်၊ရောင်တော်ဖွင့်နှင့် သင်္ကန်းတော် ကပ်လှူကာ ဘုရားအနေကဇာတင်လှူပူဇော်ခြင်း၊ ည(၇)နာရီအချိန်တွင် အိပ်မက်တော်ရ သစ္စာအောင်မြေ ကုန်းတော်ရှိ စေတီတော်နှင့်ရုပ်ပွားတော်မြတ်များ အား ဆီမီး(၅၀ဝ၀)ဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်နှင့် သံဃာတော်အရှင်သူမြတ်များအား နေ့ဆွမ်းများ ဆက်ကပ်ခြင်းနှင့် ကြွရောက်လာသည့် ဧည့်ပရိသတ်များအား အာဟာရဒါန ကျွေးမွေးခြင်း များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
မြင့်နိုင်စိုး (ပြန်/ဆက်)


