မိတ္ထီလာ ၉ အောက်တိုဘာ
မိတ္ထီလာခရိုင် အမျိုးသမီးကော်မတီက ကြီးမှူးဖွင့်လှစ်သည့် အိမ်တွင်းမှုအခြေခံပန်းကြယ်သီးထိုး သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ ၉ နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်လူထုအခြပြုဗဟိုဌာနခန်းမ၌ ကျင်းပကြောင်း သိရသည်။
အဆိုပါ သင်တန်းဖွင့်ပွဲတွင် ခရိုင်အမျိုးသမီးကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က အမှာစကားပြောကြားသည်။ထို့နောက် ခရိုင်အမျိုးသမီးကော်မတီ အတွင်းရေးမှူး ဒေါ်နွဲ့စန်းကြည်က အိမ်တွင်းမှု အခြေခံ ပန်းကြယ်သီးထိုး သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် သင်တန်းတွင် တစ်ရက်တာ သင်ကြားပို့ချပေးမည့် သင်တန်းစာများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင် ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းငြိမ်းအောင် ၊ ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန် ၊ ခရိုင်ပညာရေးမှူး ဒေါက်တာသန္တာဆွေ ၊ခရိုင်ပြန်/ဆက် ဦးစီးမှူး ဒေါ်ခင်အိအိသန်း ၊ ၄ မြို့နယ်အမျိုးသမီးကော်မတီဝင်များ ၊သင်တန်းနည်းပြများ ၊ တာဝန်ရှိသူများနှင့် မိတ္ထီလာ၊မလှိုင် ၊ ဝမ်းတွင်း ၊ သာစည်မြို့နယ်များမှ သင်တန်းသူ ၂၀ ဦး တက်ရောက်ကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)


