မိုးညှင်း ၉     အောက်တိုဘာ

 

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၁၉ခုနှစ်၊ဒေသခံပြည် သူအစုအဖွဲ့ပိုင်သစ်တောဧရိယာဧက ၁၄၄၀အားလုပ်ပိုင်ခွင့်ပြုလက်မှတ်များပေးအပ်ပွဲအခမ်းအ နားကို ယနေ့နံနက် (၁၀)နာရီ ခွဲအချိန်တွင် အုတ်ကျင်းရပ်ကွက်ရှိ ရှမ်းစာပေနှင့်ယဉ်ကျေး မှုရုံးခန်း မ၌ကျင်းပသည်။

 

၁

 

အခမ်းအနားတွင် မိုးညှင်းခရိုင် သစ်တောဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်နိုင်ထွန်းက ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောတည်ထောင်ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာရှိ အသုံးပြုမည့်အစု အဖွဲ့(၇)ဖွဲ့၊ အိမ်ထောင်စုပေါင်း(၂၈၉)စု၊ မိသားစုဝင်ဦးရေ ၁၅၈၅ဦး၊  တည်ထောင်ခွင့်ပြုဧရိယာဧက ၁၄၄၀ ဧကအတွက်  လုပ်ပိုင်ခွင့်ပြုလက် မှတ်များကို လက်ထောက်ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့ကြသည်။

 

၁

 

မြို့နယ်သစ်တောဦးစီးဌာနမှ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောဆောင်ရွက်ခွင့်ပြု လက်မှတ်များကို ၂၀၁၀ခုနှစ်မှစတင်၍ ဒေသခံများအား လုပ်ပိုင်ခွင့်ပြုလက်မှတ်များ စတင်ပေးအပ်ခဲ့ရာ ယနေ့အထိ အစုအဖွဲ့(၄၆)ဖွဲ့၊အသင်းဝင်ဦးရေ ၂၀၇၉ဦး၊ ဧရိယာဧက ၁၃၈၈၄ဒသမ ၃၈ဧကအား လုပ်ပိုင်ခွင့်ပြုလက်မှတ်များထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ကြောင်း မြို့နယ် သစ်တောဦးစီးဌာနမှ သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)