နေပြည်တော် ၉ အောက်တိုဘာ

 

မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးတွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာ ရေးသားရေးအဖွဲ့ဉက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီအား ၂၀၁၇ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်တွင် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ လုပ်ငန်းကော်မတီကို ဖွဲ့စည်းခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီအောက်ရှိ ဆပ်ကော်မတီများ၏ ဆောင်ရွက်ပြီးစီးမှု အချက်အလက်များ ပြုစုရန်၊ နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ကို  ဖွဲ့စည်းထားရှိရန်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ထို့နောက် နှစ်ပတ်လည်အစီရင်ခံစာ ရေးသားရေးအဖွဲ့ဝင် ပြန်လည်ထူထောင်ရေး ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်ထွန်းက နှစ်ပတ်လည် အစီရင်ခံစာရေးသားရန်အတွက် လိုအပ်သော စာရွက်စာတမ်းများ၊ ဓာတ်ပုံမှတ်တမ်းများ၊ သတင်းအချက်အလက်များကို ဆပ်ကော်မတီများ၊ သက်ဆိုင်ရာဌာနများ၊ ဆက်စပ်အဖွဲ့အစည်းများထံမှ တောင်းခံခြင်း၊ မြန်မာနိုင်ငံမသန်စွမ်းသူများ အသင်းချုပ်နှင့် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီး၏ လစဉ်အစီရင်ခံစာများအပေါ် လေ့လာအကဲဖြတ်မှတ်တမ်းတင်ခြင်း စသည့်တို့ကို တင်ပြရာ ဌာနဆိုင်ရာအသီးသီးမှ တတ်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြသည်။

 

ယင်းနောက် မသန်စွမ်းသူများ၏ အခွင့်အရေးများဆိုင်ရာ အမျိုးသားကော်မတီ နှစ်ပတ်လည် အစီရင်ခံစာရေးသားရေးအဖွဲ့ဉက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

သတင်းစဉ်

 

1