နေပြည်တော် ၉ အောက်တိုဘာ
မြန်မာနိုင်ငံတွင်ဖြစ်ပွားခဲ့သော ရေကြီးရေလျှံမှုများနှင့် မြေပြိုမှုများကြောင့် ဘေးသင့်ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှုနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ရန် အလှူရှင်များက အလှူငွေနှင့် ပစ္စည်းများ လှူဒါန်းလျက်ရှိသည်။
ထိုသို့လှူဒါန်းလျက်ရှိရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောက်မီးသွေးလုပ်ငန်းရှင်များ အသင်းက ငွေကျပ် ၅၉ သိန်းကို ယနေ့မွန်လွဲပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးစိုးအောင်က လှူဒါန်းငွေများကို လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။
သတင်းစဉ်


