နတ်တလင်း   ၁၀ အောက်တိုဘာ

 

၂၀၁၉ခုနှစ် မိုးစပါး မိုးကောင်းသောက်On Farm စမ်းသပ်ကွက် ကွင်းသရုပ်ပြပွဲအခမ်းအနားကို ယနေ့ နံနက် ပိုင်းက ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ကုန်းသာကျေးရွာ တောင်သူ လေ့လာရေး စခန်းတွင် ကျင်းပပြုလုပ်သည်။

 

အခမ်းအနားတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးခင်အေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဒုတိယဦးစီးမှုးဦးစိုးတင့်နှင့် ဦးမောင်မောင်ဌေးတို့က ‌တော်သူများဘဝ အကျိုးစီးပွား မြှင့်တင်ရေးအတွက် အဓိကအခြေခံသည်မျိုးကောင်းမျိုးသန့်ရရှိ၍ မှန်ကန်သည့် နည်းပညာဖြင့် ရာသီဥတုl ပိုးမွှားအန္တရာယ်l ခံနိုင်ရည်ရှိမှုl မြေအနေထားသိမှုနှင့် အရည်အသွေးကောင်းမွန်မှုများ လိုအပ်ပါကြောင်း၊ ဒါမှသာ နိုင်ငံတကာ ဈေးကွက်အား ထိုးဖေါက်နိုင်မည်ဖြစ်ကြောင်း ယခုစံပြကွက်ကွင်း သရုပ်ပြပွဲတွင် ကြွရောက်လာကြသော တောင်သူလယ်သမားများ ဝန်ထမ်းများက မိမိတို့ဒေသနှင့် ကိုက်ညီမှုရှိရမည့် စပါးမျိုးကို သေချာစွာလေ့လာပြီး ဆန္ဒပြုပေးကြရန်ဖြစ်ကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မျိုးစပါး စိုက်ခင်းစိုက်ပျိုးထားသည့် စပါးစိုက်ပျိုးခင်း (၆)မျိုးတို့ကို ကွင်းဆင်း စစ်ဆေးကြည့်ရှုကြရာ ဝန်ထမ်းများနှင့် တောင်သူလယ်သမားများ အကြိုက်ဆုံးစပါးမျိုးမှာ မြေပြင်အနေအထားl စိုက်ပျိုးထားရှိမှုအခြေအနေl စပါးသီးနှုံးကောင်းမွန်မှုတို့အရ မိုးစပါး On Farm 2 အားအကြိုက်ဆုံးဖြစ်ပြီး ဒုတိယအကြိုက်ဆုံးမှာ ဒေသစပါးမျိုးဖြစ်သော ဆင်းသုခစပါးl တတိယမှာ ရတနာတိုးစပါးတို့ ဖြစ်ကြောင်း သိရသည်။

 

တင်မြင့် (နတ်တလင်း)