နေပြည်တော် ၁၀ အောက်တိုဘာ
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ၂၀၁၉ ခုနှစ်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO)၏ ရာပြည့် နှစ်အထိမ်းအမှတ် အဖြစ် “ ILO ရာပြည့်မှ စသင့်လျော်ကောင်းမွန်သော အလုပ်အကိုင် တိုးမြှင့်ရေးနှင့် လူမှုတရား မျှတရေး မြှင့်တင်ဆောင်ရွက်ကြ” ခေါင်းစဉ်ဖြင့် ဆောင်းပါးပြိုင်ပွဲ ကို ဖိတ်ခေါ်ကျင်းပခဲ့ရာ မြန်မာနိုင်ငံ အနှံ့အပြားမှ အလွတ်တန်းပညာရှင် ၅၁ ဦး ပါဝင် ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသူများ စာရင်းကို ကြေညာခဲ့ပြီးဖြစ်သည်။
သို့ပါ၍ အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းတွင် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင် အားဝန်ကြီးဌာနနှင့် ILO၊ ရန်ကုန် တို့ပူးပေါင်းs၍ ရန်ကုန်မြို့၊ ဆီဒိုးနား ဟိုတယ်တွင် ကျင်းပမည့် ရာပြည့်အထိမ်းအမှတ်အခမ်းအနား (Centenary Event)၌ ဆုရရှိသူများကို ဆုများချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။
အခမ်းအနားတက်ရောက်နိုင်ရေး ဖိတ်ကြားစာများကို ဆုရရှိသူများထံပေးပို့မည် ဖြစ်ကြောင်းနှင့် အခမ်းအနား တက်ရောက်နိုင်ခြင်း ရှိ/မရှိ ဆောင်းပါးပြိုင်ပွဲ စိစစ်အကဲဖြတ်ရေး အဖွဲ့ အတွင်းရေးမှူး၊ ဒေါ်တင်မာထွေး၊ ဖုန်းနံပါတ် ဝ၆၇-၄၃၀ဝ၉၀ သို့ ဆက်သွယ် အတည်ပြုရန် ဖြစ်ကြောင်း သတင်းရရှိသည်။
(သတင်းစဉ်)


