ညောင်ဦး ၁၀ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ သက္ကရာဇ်(၅၆၅)ခုနှစ်က နရပတိ စည်သူမင်းကြီးတည်ထားကိုးကွယ်ခဲ့သည့် ကန်တော့ပလ္လင်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်အကြို အသံမစဲ မဟာပဌာန်ရွတ်ဖတ်ပူဇော်ပွဲကျင်းပသွားမည်ဖြစ်ကြောင်း ကန်တော့ပလ္လင်ဘုရား ဂေါပက ဥက္ကဌ ဦးမြင့်ဆွေကပြောပြသည်။
ပုဂံမြို့ဟောင်းရှိ ကန်တော့ပလ္လင်ဘုရားကြီး ဗုဒ္ဓပူဇနိယပွဲတော်အကြိုအသံ မစဲမဟာပဌာန်း ရွတ်ဖတ်ပူဇော်ပွဲအား သီတင်းကျွတ်လဆန်း ၈ရက်နေ့မှ သီတင်းကျွတ်လဆန်း ၁၂ရက်နေ့အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်သွားမည်ဖြစ်ကြောင်း ဂေါပက အတွင်းရေးမှူးဦးသန်းအေးမှရှင်းပြကာ ပုဂံမြို့ဟောင်းမှပုဂံမြို့သစ်သို့ ပြောင်းရွေ့ခဲ့သည့် ခန်းလောင်းရပ်ကွက်နှင့်သိုက်တိုင်ရပ်မှ ဘုရားကြီးသို့ နှစ်စဉ်နှစ်တိုင်းလာရောက်ကာလှူဘွယ်ဝတ္ထုများအားကန်တော့ပလ္လင်ဘုရားရင်ပြင်တော်သို့လာရောက်ကာ လှူဒါန်းကြကြောင်း ဂေါပကအတွင်းရေးမှူး ဦးသန်းအေးကပြောပြသည်။ သီတင်းကျွတ္လပြည့်ကျော်(၁)ရက်နေ့ ညနေ ၃နာရီအချိန်တွင် ကန်တော့ပလ္လင်ဘုရားရင်ပြင်တော်ပေါ်တွင် စာရေးတံမဲကန်တော့ပွဲများကို ပင့်သံဃာအပါး(၄၀)အားဆက်ကပ်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ထိန်(ကျောက်ပန်းတောင်း)


