ကောလင်း   ၁၀  အောက်တိုဘာ  


စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ကျေးရွာဖွံ့ဖြိုးရေး စီမံချက်ရေးဆွဲခြင်း စီမံကိန်းနှင့် မြစိမ်းရောင် ကျေးရွာစီမံကိန်း ဆောင်ရွက်မည့် ကျေးရွာများ ရွေးချယ်ခြင်းပွဲ အခမ်းအနားကို အောက်တိုဘာ ၁၀ ရက် နံနက်၁၀နာရီက ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။


အခမ်းအနားတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်မီမီအောင်က ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်းနှင့် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်ခဲ့မှု အခြေအနေနှင့် စီမံကိန်းထပ်မံဆောင်ရွက်မည့် ကျေးရွာများ စိစစ်ရွေးချယ်မှုနှင့် ပတ်သက်၍ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက်တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ၊မြို့နယ်စီမံခန့်ခွဲမှုကော်မတီဉက္ကဌ၊ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် ဆက်စပ် ဌာနများမှ တာဝန်ရှိသူများက ၂၀၁၉ -၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်မည့် ကျေးရွာဖွံ့ဖြိုးရေး စီမံကိန်း (VDP) ကျေးရွာများအား ရွေးချယ်စီစစ်အတည်ပြုပေးခဲ့ကြောင်း သိရသည်။ 


မြင့်ထွန်းမင်း(ပြန်/ဆက်)