လွိုင်ကော် ၁၀ အောက်တိုဘာ

 

နိုင်ငံတော်အစိုးရမှ မြန်မာနိုင်ငံအနှံအပြားတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများအား သီတင်းကျွတ်အခါသမယ၌ မိဘများထံကန်တော့ရင်း စိတ်လက်အေးချမ်းပျော်ရွှင်စွာ ဇာတိမြေသို့ ပြန်နိုင်ရန်အတွက် သီတင်းကျွတ်အများပြည်သူအလုပ်ပိတ်ရက်ကို အောက်တိုဘာ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့အထိ ရုံးပိတ်ရက်  ၅ ရက်ပြင်ဆင်သတ်မှတ်ပေးခဲ့ရာ ကယားပြည်နယ်အတွင်း တာဝန် ထမ်းဆောင်နေသော ဝန်ထမ်းများသည် ယနေ့ညနေပိုင်းက လွိုင်ကော်မြို့ အဝေးပြေး ကားဂိတ်တွင် မိမိတို့ ဇာတိမြေအသီးသီးသို့ ပြန်ကြမည့် ဝန်ထမ်းများ ပြည်သူများဖြင့် စည်ကားလျက်ရှိသည်။

 

သီတင်းကျွတ်ရုံးပိတ်ရက်အတွင်း မိမိဇာတိမြေသို့ ပြန်ကြမည့် ပြည်သူများ၏ ရင်တွင်းစကားသံများကို မေးမြန်းရာ “အရမ်းအဆင်ပြေပါတယ်။ အန်တီက ရန်ကုန်ဇာတိပါ။ ဒီမှာ တာဝန်ကျတာ ၁ နှစ်နှင့် ၈ လ ရှိပါပြီ။ အခြားဒေသကနေ လာရောက် တာဝန်ထမ်းဆောင်ရတော့ ဒီလို သီတင်းကျွတ်ကာလမှာ ရုံးပိတ်ရက် သတ်မှတ်ပေးတဲ့အတွက် ပြန်နားရတာပေါ့။ မိသားစုတွေနဲ့လည်း ဆုံရတာပေါ့။ ဒီလိုပိတ်ရက်ရှည် ပိတ်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်” ဟု ပြည်နယ်စာရင်းစစ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ထွေးရီက ပြောကြားသည်။

 

mdn

 

ဆက်လက်ပြီး ရွှေရာဇာ ယာဉ်လိုင်းတာဝန်ရှိသူ ဦးအောင်သန်းစိန်က “ဒီနေ့ ခရီးသွားတွေ တော်တော်များပါတယ်။ ရန်ကုန်၊ မန္တလေး (၂) လိုင်းလုံး အပြည့်ပါပဲ။ မန္တလေးဆိုရင် ပုံမှန်ဆို တစ်စီးပဲ ဒီနေ့က ခရီးသည်များလို့ တစ်စီးထပ်တိုးထားပြီး (၂)စီးထွက်ပါမယ်။ သီတင်းကျွတ် ရုံးပိတ်ရက် (၅)ရက် ပိတ်ပေးလို့ မိမိဇာတိပြန်ကြတဲ့ ဝန်ထမ်းများပျော်သလို ကျွန်တော်တို့ ကားလိုင်းတွေလည်း ခရီးသည်တွေပြည့်လို့ အရမ်းပျော်ပါတယ်… ကျေးဇူးလည်းတင်ပါတယ်” ဟု ပြောကြားသည်။

 

လွိုင်ကော်သား

 

mdn