မြစ်ကြီးနား ၁၁  အောက်တိုဘာ

 

အောက်တိုဘာ ၁၁ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မိန်းကလေးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “တန်းတူညီမျှ မိန်းကလေးတို့ဘဝ” ခေါင်းစဉ်ဖြင့် လှုပ်ရှားမှုအစီအစဉ်တစ်ရပ်ကို အောက်တိုဘာ ၁၀ ရက် နံနက် ၁၁ နာရီက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ခေမာသီရိရပ်ကွက်ရှိ City Park Royal ခန်းမတွင် ကျင်းပသည်။

 

အခမ်းအနားကို ကျောင်းသားကျောင်းသူလေးများက "တန်းတူညီမျှ မိန်းကလေးတို့ဘဝ" တေးသီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် PLAN International Myanmar မှ Country Directior Mr. Kelly Stevenson တို့က ကြိုဆိုနှုတ်ခွန်းဆက်စကားများ ပြောကြားသည်။

 

ထို့နောက် မိန်းကလေးများနှင့်ပတ်သက်သည့် အခွင့်အရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကိစ္စရပ်များအား တာဝန်ရှိသူများမှဆွေးနွေးခဲ့ကြရာ တက်ရောက်လာသူများက ဆွေးနွေးမှုများအပေါ် သိရှိလိုသည်များကို ပြန်လည်မေးမြန်းခဲ့ကြသည်။

 

အခမ်းအနားသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်၏ဇနီး ဒေါက်တာဂျေကော့ဘူ၊ ပြည်နယ်လူမှုရေးဝန်ကြီး ဦးနေဝင်းနှင့် တာဝန်ရှိသူများ၊ PLAN International Myanmar မှ Country Directior Mr. Kelly Stevenson နှင့် တာဝန်ရှိသူများ၊ ကချင်ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးနှင့် အမျိုသမီးရေးရာအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဆရာဆရာမများ၊ကျောင်းသား ကျောင်းသူများ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့များမှ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)