တာချီလိတ် ၁၁  အောက်တိုဘာ

 

မဲခေါင်မြစ်ဝှမ်းဒေသ(၅)နိုင်ငံမှ ဓမ္မခရီးကြွချီလာမည့် သံဃာတော်များသည် အောက်တိုဘာ(၁၆)ရက်နေ့ မနက်(၈)နာရီအချိန် မြန်မာ-ထိုင်း ချစ်ကြည်ရေးတံတားအမှတ်(၁)မှကြွချီလာကြမည်ဖြစ်ရာ ပြည်သူများမှ ဆွမ်းဆန်စိမ်း လောင်းလှူရန် ကြိုတင်ပြင်ဆင်ထားပြီး ယင်းဓမ္မခရီးစဉ်တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(ခ)အုပ်စု၊ စွတ်ဆိုင်ရွာထိပ်ရှိ ရှေးဟောင်း လွယ်ယွန်းခမ်း စေတီတော်သို့ကြွရောက်ဖူးမျှော်ကြည်ညိုကြမည်ဟု သိရှိရသည်။

 

ဓမ္မခရီးစဉ်သံဃာတော်ကြီးများ လာရောက်ဖူးမျှော်ကြည်ညိုမည့်ခရီးစဉ်နှင့် ပတ်သက်၍ အခမ်းအနား ပြင်ဆင်ထားရှိရေး၊ စေတီတော်နှင့်ဘုရားပရိဝုဏ်သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ထားနိုင်ရန် အောက်တိုဘာလ(၁၁)ရက်နေ့ ယနေ့မနက်ပိုင်းက စေတီတော်ဘုရားဂေါပကနှင့် ကော်မတီဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် ကျေးရွာနေပြည်သူများ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြသည်။

 

ကွယ်လွန်သူ လွယ်ယွန်းခမ်းဘုရားစေတီတော် ဒါယကာဦးအား ဖာအားရည်စူး၍ ဇနီးဖြစ်သူ ဒေါ်နန်းခမ်းလီမှ စေတီတော်ရင်ပြင်အားကွန်ကရစ်ခင်းရန်အတွက် ကျပ်သိန်း(၅၀ဝ)မတည်လှူဒါန်းခဲ့ပြီး သီတင်းကျွတ်ပြီးပါကလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထို့အပြင် မိုင်းဖုန်းဆရာတော်ဘုရားကြီး ဂူမဝင်မီ လွန်ခဲ့သောမတ်လ(၂၅)ရက် နံနက် (၁၁)နာရီအချိန် စေတီတော်ရင်ပြင်၌ မိန့်မှာခဲ့သည့် ဩဝါဒများအရ အပေါ်မှထပ်ပိုးပြီးတာရာဆိုခင်းခြင်း လုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ယာဆေး(ပြန်/ဆက်)