နောင်ချို ၁၂ အောက်တိုဘာ
ဝါလကင်းလွတ် သီတင်းကျွတ်လ၏ ရုံးပိတ်ရက်များအတွင်း နိုင်ုံဝန်ထမ်းများ၊ ပြည်သူများအနေဖြင့် အလည်အပတ်သွားလာခြင်း၊ မိဘရပ်ထံပြန်ကြခြင်းတို့ဖြင့် နောင်ချိုမြို့၏ ကားဂိတ်များ၊ မီးရထားဘူတာရုံတို့၌ လူစည်ကားလျက်ရှိသည်။
နိုင်ငံတာဝန်ထမ်းဆောင်နေကြသူများ၊ တစ်နယ်တစ်ကျေး၌ အလုပ်လုပ်ကိုင်နေသူများ မိမိတို့နေရပ်ကို ပြန်ကြသောမြင်ကွင်းများသည် မြင်ရသူအဖို့ အပျော်ကူးစက်မှုများ ခံစားရသည်။ သီတင်းကျွတ်ကာလ ရုံးပိတ်ရက်ကို (၅)ရက် သတ်မှတ်ပေးသည့်အတွက် ဝန်ထမ်းများ ကျေနပ်ဝမ်းသာလျက်ရှိကြောင်း ပြောဆိုသံများကိုလည်း ကြားသိခဲ့ရသည်။
မြို့နယ် (ပြန်/ဆက်)


