မယ်စဲ့  ၁၃  အောက်တိုဘာ

 

ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုသည် ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် အတူ အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက မယ်စဲ့မြို့နယ်အတွင်းရှိ အသက်(၇၀)နှစ်နှင့် အထက် သက်ကြီး ဘိုးဘွားများအား အိမ်တိုင်ရာရောက် လိုက်လံကန်တော့ခဲ့သည်။

 

ထိုသို့ သက်ကြီးဘိုးဘွားများအား ကန်တော့ရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ကျောက်စု ကျေးရွာ၊ နမ့်ပိန်းလင်ကျေးရွာ၊ မယ်ဆည်နမ်ကျေးရွာ၊ မယ်စဲ့မြို့ မြောက်ပိုင်းရပ်ကွက်နှင့် တောင်ပိုင်းရပ်ကွက်တို့မှ အသက် (၇၀)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား (၂၆)ဦးအား အလှူငွေ၊ ကန်တော့ခံ ပစ္စည်းများနှင့်အတူ ဂါရဝပြုကန်တော့ခဲ့ကြောင်း သိရသည်။

 

ဝတ်ရည်(ပြန်/ဆက်)