ဟင်္သာတ အောက်တိုဘာ ၁၃

 

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတမြို့နယ်ရှိ သမိုင်းဝင် တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သည့် တိလောကဥသျှောင် ရှင်သာလျောင်း ဘုရားကြီးတွင် (၂၅)ကြိမ်မြောက် ဆီမီး ၈၄၀ဝ၀ ထွန်းညှိပူဇော်ပွဲကို ယမန်နေ့ ည ၇ နာရီက ဘုရားကြီး ရင်ပြင်တော်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

2

 

အဆိုပါ ဆီမီးပူဇော်ပွဲကို ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးလှမိုးအောင်က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးများ၊ ဟင်္သာတမြို့နယ် လွှတ်တော် ကိုယ်စားလှယ်များက ဆီမီး ၈၄၀ဝ၀ ကို စတင်ထွန်းညှိ ပူဇော်ခဲ့ကြပြီး ဝန်ကြီးချုပ်က ဘုရားကြီး ဘက်စုံပြုပြင်မွန်းမံရန်အတွက် အလှူငွေကျပ် နှစ်သိန်းကို ပေးအပ်လှူဒါန်းခဲ့သည်။

 

ဟင်္သာတမြို့နယ်ရှိ တိလောကဥသျှောင် ရှင်သာလျောင်း ဘုရားကြီးသည် လက်ရှိ မြန်မာနိုင်ငံအတွင်းရှိ လျောင်းတော်မူ ရုပ်ပွားတော်များအနက် ဒုတိယအကြီးဆုံး လျောင်းတော်မူ ရုပ်ပွားတော်မြတ်ကြီးဖြစ်ပြီး ဘုရားကြီးတွင် ဆီမီးပူဇော် လှူဒါန်းခြင်းကို  အောက်တိုဘာ ၁၄ ရက်အထိ (၃)ညတိုင်တိုင် ပူဇော်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်(ပြန်/ဆက်)