ပုသိမ် ၁၃ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ မြို့မဈေးကြီးအတွင်း သီတင်းကျွတ်ကာလတွင် မီးရှူးမီးပန်းများနှင့် ဗျောက်အိုးများ ရောင်းချခြင်း မရှိစေရေး၊ သီတင်းကျွတ်ကာလတွင် မိဘပြည်သူများ အထိတ်တလန့် မဖြစ်စေရေး၊ ဘေးအန္တရာယ် ကင်းရှင်းရေး နှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပေါ်စေရေးတို့ကို ရည်ရွယ်၍ မြို့နယ် စည်ပင်သာယာရေး ကော်မတီမှ တာဝန်ရှိသူများက ယမန့်နေ့ နံနက်ပိုင်းက ရှာဖွေစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တိုးဝေဇင်(တိုင်းပြန်ဆက်)


