ကျိုက်ထို ၁၃  အောက်တိုဘာ

 

သာသနာတော်နှစ် (၂၅၆၃) မြန်မာသက္ကရာဇ် (၁၃၈၁)ခုနှစ် သီတင်းကျွတ်လပြည့်နေ့ ယနေ့ နံနက် ၆ နာရီခွဲတွင် ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင် လှူ၍ ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

အခမ်းအနားတွင် ဆံတော်ရှင် ကျိုက်ထီးရိုး‌စေတီတော် ဩဝါဒစရိယ ဆရာတော်ကြီးများအား အာရုံဆွမ်းဆက် ကပ်လှူဒါန်းပြီး ဆရာတော်ကြီးများက စေတီတော်မြတ်ကြီးအား ဗုဒ္ဓါဘိသေက အနေကဇာ တင်လှူပူ‌ဇော်၍ မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံမှ စေတီတော် မြတ်ကြီးအား ရေသပ္ပါယ်ပြီး အမွှေးနံ့သာများဖြင့် ပူဇော်ခဲ့သည်။

 

ယင်းနောက် ဆရာတော်ကြီးများထံမှ ကိုးပါးသီလ ခံယူတည်ဆောက်၍ ဆရာတော် အရှင်သူမြတ်များက မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ပြီး မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံ က သာသနာရေးဆိုင်ရာ ဖတ်ကြားလျှောက်ထား၍ လှူဖွယ်ဝတ္ထုပစ္စည်းကို ဆက်ကပ်လှူဒါန်းပြီး ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံ စိရံတိဌတု (၃)ကြိမ်ရွတ်ဆို ဆုတောင်းကာ အစိုးရအဖွဲ့ဝင်များနှင့်အတူ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးခဲ့သည်။

 

အဆိုပါပွဲတော်အား သီတင်းကျွတ်လပြည့်နေ့မှ ကဆုန်လပြည့်နေ့ထိ (၇)လတိုင် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 

ဝင်းမောင်(ကျိုက်ထို)