မိုးညို ၁၄ အောက်တိုဘာ
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ ညောင်းဝိုင်းအုပ်စု၊ ငှက်ပျော်ထုံး ကျေးရွာ ရှိ အ.လ.က( ခွဲ ) ကျောင်းတွင် ယနေ့နံနက်ပိုင်းက အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့် ၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဦးအေးဝင်းနှင့် ဌာနဆိုင်ရာများမှ ဒေသခံ ပြည်သူများနှင့် တွေ့ ဆုံပွဲ ပြုလုပ်ခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲတွင် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ဝင်းမြင့်က ပြည်ပချေးငွေများ အကြောင်းနှင့် ပြည်တွင်း အခွန်များအကြောင်း ပြောကြား ခြင်း၊ ဒေသဖွံ့ဖြိုးရေး နှင့် ပတ်သက်သည့် လမ်း၊ တံတား ၊ လျှပ်စစ်မီးရရှိရေး လုပ်ဆောင်ချက်များနှင့် ၊ စိုက်ပျိုးရေးကို အခြေခံသည့်နိုင်ငံဖြစ်သော်လည်း ဝင်ငွေကောင်းသည့် အစားထိုးလုပ်ငန်းများ လုပ်ကိုင်နိုင်ရေးတို့အား ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး ( ၁) လွှတ်တော် ကိုယ်စားလှယ် ဦးအေးဝင်းက ဒေသဖွံ့ဖြိုးရေး နှင့် ပတ်သက်၍ ပြည်သူများ ပူးပေါင်း ပါဝင် လုပ်ဆောင်နိုင်ရေး ၊ မိမိတို့ တွင်မဟုတ် ဘဲ သက်ဆိုင်ရာ ဌာနများကိုလဲတင်ပြဖို့လို အပ်ကြောင်း၊ လုပ်ငန်း များ လုပ်ဆောင်ရာ တွင် ညှိနှိုင်းလုပ်ဆောင် ကြမှသာ အောင်မြင်မှုရရှိမည်ဖြစ်ကြောင်း၊ အဆိုးပြိုင်မှုထက် အကောင်းပြိုင်ကြဖို့လိုကြောင်းနှင့် မိမိတို့အနေဖြင့် အစိုးရအဖွဲ့များနှင့် တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြားသည် ။
ထို့နောက် တက်ရောက်လာသူ များမှ ဒေသဖွံ့ဖြိုးရေး နှင့်ပတ်သက်၍ သိလိုသည်များအား မေးမြန်း ကြရာ လွှတ်တော် ကိုယ်စားလှယ် များနှင့် သက်ဆိုင်ရာ ဌာနများမှ ဖြေကြား ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ကိုမင်း(မိုးညို)


